Local News

မကွေးကုန်စည်ဒိုင်တွင် ဆန်စျေးအနည်းငယ်မြင့်တက်

Last Updated:

 

မကွေးကုန်စည်ဒိုင်တွင် ဆန်စျေးအနည်းငယ်မြင့်တက်

 

          မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ စပါးကိုမြစ်အနောက် ဘက်ကမ်း မင်းဘူးဘက်ခြမ်းနှင့် တောင်တွင်း၊ မြို့သစ်တို့ဘက်တွင်သာ စိုက်ပျိုးလျှက်ရှိရာ ဆန်ထွက် ရှိသည့်တိုင်းများမှ ဝယ်ယူ သုံးစွဲကြရပါသည်။ မင်းဘူးခရိုင်၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူတို့ဘက်တို့မှ စိုက်ပျိုးထွက်ရှိသည့် ဧရာပဒေသာဆန်သည် အရည်အသွေးကောင်းမွန်ပြီး စျေးကောင်းရကာ လူကြိုက်များတဲ့ ဆန်လည်းဖြစ်ကာ ရွှေဘိုပေါ်ဆန်းမွှေး ဆန်စျေးနှင့် အပြိုင်စျေးရရှိကာ အရောင်း သွက်တဲ့ဆန်လည်းဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာမှ စိုက်ပျိုးထွက်ရှိတဲ့ ဧရာပဒေသာဆန်သည် စျေးကွက်ထဲမှာ နေရာတစ်ခုရရှိကာ စျေးကောင်းရတဲ့ ဆန်လည်းဖြစ်တာကို တွေ့ရပါတယ်။

          ပြည်ပစျေးကွက်အနေဖြင့် မြန်မာနိုင်ငံမှဆန်ကို ပြည်ပဝယ်လိုအားဖြစ်တဲ့ ဥရောပ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံအချို့ကို တင်ပို့ရောင်းချနေရပြီး ပေါင်းဆန်ကိုတော့ ဥ‌ရောပကို အဓိကတင်ပို့နေတာပဲဖြစ်ပါတယ် ပြည်တွင်းစျေးကွက်အနေဖြင့် ဆန်ကွဲကို မွေးမြူရေးလုပ်ငန်းများနဲ့ ယမကာလုပ်ငန်းများမှ ဝယ်လိုအားရှိနေတာကို တွေ့ရပါတယ်။

          ယခုတစ်ပတ်ဆန်စျေးနှုန်းအနေဖြင့် မနော်(ရခိုင်)၂၄ပြီ တစ်အိတ်လျှင် (၃၂ဝဝဝ)ကျပ်စျေးရှိခဲ့သဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက (၁ဝဝဝ)ကျပ်၊ ဖန်သီး(၁၀၅)ပေါင် တစ်အိတ်လျှင် (၃၇ဝဝဝ)ကျပ်စျေးရှိတဲ့အတွက် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက (၅ဝဝ)ကျပ်၊ မနောသုခ(မြောင်းမြ) (၁၀၅)ပေါင်တစ်အိတ်လျှင် (၃၄၅ဝဝ)ကျပ်စျေး ရှိတဲ့အတွက် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက (၁၅ဝဝ)ကျပ်တို့ အသီးသီးစျေးတက်ကာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။

Category: Local News